Elastic Infra Service

Customer များရဲ့ Web Applications တွေ စွမ်းဆောင်ရည် အမြဲကောင်းနေဖို့နဲ့ မလိုအပ်ဘဲ ကုန်ကျစရိတ် မများစေဖို့က MyanNet ရဲ့ ပထမရည်မှန်းချက် ဖြစ်ပါတယ်။
အဲဒီအတွက် MyanNet ရဲ့ Customer တွေအတွက် အထူးစီစဉ် ဖန်တီးပေးထားတဲ့ ဝန်ဆောင်မှု တစ်ခုကတော့ Elastic Infra ဖြစ်ပါတယ်။

Cloud Infrastructure တစ်ခုမှာ ပါဝင်တဲ့ Virtual Server တွေနဲ့ အခြား အစိတ်အပိုင်းတွေ ရဲ့ စွမ်းဆောင်ရည်တွေက အမြဲတမ်းရာနှုန်းပြည့် ရှိနေဖို့ မလိုအပ်ပါဘူး။
Elastic Infra ဆိုတာ လူသုံးအရမ်းများတဲ့ အချိန်တွေမှာ စွမ်းဆောင်ရည်ကို အပြည့်အဝ ရှိနေစေပြီး၊ လူသုံးနဲတဲ့ အချိန်တွေမှာ မလိုအပ်တဲ့ အချို့အစိတ်အပိုင်းတွေကို ရပ်တန့်ထားခြင်းအားဖြင့် Infrastructure တစ်ခုလုံးရဲ့ စွမ်းဆောင်ရည်ကို မကျစေဘဲ၊ ကုန်ကျစရိတ်ကို သက်သာအောင်၊ မလိုအပ်ဘဲ အကုန်အကျ မများအောင် စနစ်တကျ တွက်ချက်ဖန်တီးပေးထားတဲ့ ဝန်ဆောင်မှု တစ်ခု ဖြစ်ပါတယ်။

MyanNet ရဲ့ customer တွေအနေနဲ့ ကုန်ကျစားရိတ် အသက်သာဆုံးနဲ့ စွမ်းဆောင်ရည် အမြင့်မားဆုံး Cloud Infrastructure တွေကို အမြဲတမ်းရရှိအသုံးပြုနိုင်စေဖို့အတွက်၊ Customer တစ်ဦးခြင်းစီရဲ့ လိုအပ်ချက်ကို စနစ်တကျ လေ့လာ စောင့်ကြည့်ပြီး၊ တစ်ဦးချင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် Elastic Infra Design လုပ်ပေးထားတာ ဖြစ်ပါတယ်။

Project R18 - Visitors Statistics

၂၀၁၈ တက္ကသိုလ်ဝင် စာမေးပွဲ၊ ဆယ်တန်းအောင်စာရင်းကို (၂ - ၆ - ၂၀၁၈) ရက် ၊ စနေနေ့ နံနက် ( ၀၆:၀၀) နာရီ အချိန်မှာ အွန်လိုင်းက ထုတ်ပြန်ပေးနိုင်ခဲ့ပါတယ်။

ယခင် ၂၀၁၆၊ ၂၀၁၇ နှစ်များက မကြုံခဲ့ရပေမယ့်၊ ယခုနှစ်မှာ အချို့သူများအတွက် အောင်စာရင်းထွက်တဲ့ မနက် ၆ နာရီ ပတ်ဝန်းကျင်မှာ ဝက်ဘ်ဆိုက်ကို ကြည့်တဲ့အခါ myanmarexam.org ဆိုပြီး www မပါဘဲ ကြည့်တဲ့ အခါ အဆင်မပြေ ဖြစ်ခဲ့တာကို ဒီနေရာကနေ အနူးအညွတ် တောင်းပန်ပါတယ်။ www.myanmarexam.org ကနေ ဝင်ရောက်ကြည့်ရှုခဲ့သူများအနေနဲ့ ဒီပြဿနာကို ကြုံရမှာ မဟုတ်ပါဘူး။ နောင်နှစ်များမှာ ဒီလို ပြဿနာမျိုး မဖြစ်အောင် ကျွန်တော်တို့ ကြိုးစားမှာပါ။

Project R18 - Exam Results 2018

တက္ကသိုလ်ဝင် စာမေးပွဲ၊ ဆယ်တန်းအောင်စာရင်းကို အွန်လိုင်းက ထုတ်ပေးတဲ့ ပရောဂျက်ဟာ MyanNet team အတွက် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ပရောဂျက်တစ်ခုပါ။
MyanNet team အနေနဲ့ ၂၀၁၆ ဆယ်တန်း အောင်စာရင်း၊ ၂၀၁၇ ဆယ်တန်းအောင်စာရင်း တွေကို ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန နဲ့အတူ အွန်လိုင်းကတဆင့် အောင်မြင်စွာ ထုတ်ပြန်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
.
ယခုနှစ် ၂၀၁၈ အတွက်လည်း အစစ၊ အရာရာ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။

Myanmar Exam Results

Our Solutions to Myanmar Exam Results. Since 2016.

  • Customized Cloud Solution on AWS to handle thousands of concurrent users
  • CDN, S3 Integration with Drupal
  • Performance Optimization
  • Cost Optimization
  • Infrastructure Management
  • Daily Backup
  • 24/7 Monitoring, Support and Consultations

BEST DENKI Online Store

Our Solutions to BEST DENKI Online Store. Since 2017.

  • Customized Cloud Solution on AWS
  • Multi-Servers Drupal Commerce
  • Drupal 6 Ubercart to Drupal 7 Commerce Migration
  • 2C2P, Master/Visa Payment Gateway Integration Module
  • Performance Optimization, Cost Optimization
  • Infrastructure Management
  • Daily Backup
  • 24/7 Monitoring, Support and Consultations

Rgo47 Mobile Apps

Our Solutions to Rgo47 Mobile Apps. Since 2016.

  • Customized Cloud Solution on AWS
  • Performance Optimization
  • Cost Optimization
  • Infrastructure Management
  • Daily Backup
  • 24/7 Monitoring
  • 24/7 Support and Consultations

Pages