Resources, Help and Supports for Partners of MyanNet

Welcome to MyanNet Partners

Login or Register your account using your company email to use our Resources for Partners.

MyanNet team အနေနဲ့ မြန်မာပြည်က အလုပ်တွေကို အဝေးကနေ (Working Remotely) အလုပ်လုပ်လာခဲ့တာ ၂၀၁၄ ခုနှစ်ကနေ အခုထိဆိုရင် ၄ နှစ်ထဲကို ရောက်လာခဲ့ပါပြီ။
ပထမဆုံး စလုပ်ခဲ့တဲ့ ပရောဂျက်က MRTV4 ဝက်ဘ်ဆိုက်ပါ။ အစပိုင်းက Drupal တစ်ခုတည်းလုပ်ခဲ့ပေမယ့် ၂၀၁၆ ကစပြီး Cloud Infrastructure ပရောဂျက်တွေကိုပါ တွဲလုပ်ခဲ့ပါတယ်။
ထူးခြားတဲ့ ပရောဂျက် တချို့ကို ပြောရရင်
- ဆယ်တန်းအောင်စာရင်းကို အွန်လိုင်းက ပြပေးတဲ့ website http://myanmarexam.org (Drupal + Cloud Infra Design, Support & Maintenance)
- PyonePlay Media Platform http://pyoneplay.com (Cloud Infra Design, Support & Maintenance),
- Rgo47 Mobile Apps https://facebook.com/rgo47 (Cloud Infra Design, Support & Maintenance),
- BEST DENKI (Singapore) https://www.bestdenki.com.sg (Drupal + Cloud Infra Design, Support & Maintenance)
- CityMart online mall https://www.citymall.com.mm (Cloud Infra Design, Support & Maintenance)
- iMyanmarHouse https://www.imyanmarhouse.com (Cloud Infra Support & Maintenance အရမ်းခင်တဲ့ မိတ်ဆွေတစ်ယောက်က သူ့အနေနဲ့ ပိုပြီး အရေးပါတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့အတွက် အချိန်ပိုတွေ လိုအပ်လာတာကြောင့် ကျွန်တော့်ကို လက်ဆင့်ကမ်းသွားတဲ့ ပရောဂျက်ပါ)

Partners, Customers & MyanNet

မြန်မာပြည်က အလုပ်တွေကို လက်ခံပြီး အလုပ်လုပ်ဖို့ စဉ်းစားတဲ့အခါ မြန်မာပြည်မှာ လက်ရှိလုပ်နေတဲ့ သူတွေရဲ့ အခက်အခဲတွေ၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းရင်း အတူလက်တွဲလုပ်နိုင်တဲ့ ပရောဂျက်တွေနဲ့ စတင်ခဲ့ပါတယ်။
ငွေကြေး အမြတ်အစွန်းရဖို့ထက် အတူတွဲလုပ်တဲ့ ပါတနာတွေ၊ အဲဒီ ပါတနာတွေရဲ့ ဝန်ထမ်းတွေနဲ့ customer တွေ နေ့စဉ် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အမြန်ဆုံး၊ အကောင်းဆုံး၊ ကုန်ကျစရိတ် အသက်သာဆုံးနဲ့ အရည်အသွေး အကောင်းဆုံး ရရှိစေဖို့ ဝန်ဆောင်မှုပေးခဲ့ပါတယ်။
၂၀၁၄ ကနေ အခု ၂၀၁၈ အတွင်းမှာ MyanNet team အနေနဲ့ အတူတွဲလုပ်တဲ့ partner တွေနဲ့ customer တွေကို သူတို့ရဲ့ Applications တွေရဲ့ စွမ်းဆောင်ရည်ကို အများဆုံးရရှိပြီး၊ ကုန်ကျစရိတ်အားဖြင့်လည်း အမေရိကန်ုဒေါ်လာ ထောင်ပေါင်းများစွာ သက်သာအောင် အကူအညီ ပေးနိုင်ခဲ့ပါတယ်။

Offers for Our Partners and Their Teams

ကျွန်တော်တို့ရဲ့ ပထမရည်မှန်းချက်က အတူလက်တွဲ အလုပ်လုပ်တဲ့ Partner တွေ အဆင်ပြေဖို့
အဲဒီ Partner company တွေမှာ အလုပ်လုပ်နေတဲ့ Developer, Programmer, System Administrator တွေ အစစ၊ အရာရာ အဆင်ပြေအောင် အလုပ်လုပ်နိုင်ပြီး၊
ပရောဂျက်တွေကို အကောင်းဆုံး၊ အမြန်ဆုံး စရိတ်အသက်သာဆုံးနဲ့ အရည်အသွေး အကောင်းဆုံး ဖြစ်အောင် အကောင်အထည်ဖော်နိုင်ဖို့ ဖြစ်ပါတယ်။
ကျွန်တော်တို့နဲ့ လက်တွဲ အလုပ်လုပ်တဲ့အခါ အခက်အခဲ မရှိစေဖို့ partner team တွေရဲ့ လိုအပ်ချက်တွေ အခက်အခဲတွေကို အမြန်ဆုံး ပြေလည်စေဖို့ အဓိက ဉီးစားပေးလုပ်ကိုင်ပါတယ်။
တစ်ခါတစ်လေမှာ ပရောဂျက်တွေကို အသစ်ဝင်လာတဲ့ partner team member တွေနဲ့ အလုပ်လုပ်တဲ့အခါ အချို့သော Standard Procedure, Configuration, Setup စတာ တွေကို ထပ်ခါတလဲလဲ ပြန်ရှင်းပြရတဲ့ အဖြစ်တွေ ကြုံရတဲ့အတွက် Partner Team Members တွေအတွက် Resource Library တစ်ခုကို http://myannet.com/partners မှာ ထားပေးမှာပါ။
ရလာမည့် အကျိုးအမြတ်တွေကတော့ အများကြီးပါ။ အသစ်ဝင်လာတဲ့သူတွေအနေနဲ့ အချိန်ကုန် လူပန်းသက်သာပြီး လိုအပ်တဲ့ Tools, Tips and Techniques တွေကို အချိန်တိုအတွင်းမှာ ရယူ အသုံးချနိုင်မှာ ဖြစ်ပါတယ်။
MyanNet ရဲ့ Partner တွေ အနေနဲ့လည်း သူတို့ဆီက ဝန်ထမ်းတွေကို အထူးတလည် သင်ကြားလေ့ကျင့်ပေးဖို့ မလိုအပ်တော့ဘဲ ပရောဂျက်တွေ မြန်မြန်ပြီးဖို့ကို ပိုပြီး ဂရုစိုက်နိုင်မှာ ဖြစ်ပါတယ်။

About MyanNet team

ကျွန်တော်တို့ Team မှာ လောလောဆယ် Member ၇ ယောက်ရှိပါတယ်။
မြန်မာ၊ စင်ကာပူ၊ အမေရိကားမှာ နေထိုင်ကြပြီး အားလုံးမှာ သက်ဆိုင်ရာ အချိန်ပြည့် အလုပ်တွေရှိပါတယ်။
ပရောဂျက်တွေ ရှိလာရင် အတူလက်တွဲ အလုပ်လုပ်ကြပါတယ်။ အလုပ်အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကို လူချင်းမတွေ့ဘဲ အွန်လိုင်းကပဲ အတူတူ လုပ်ကြပါတယ်။
ကျွန်တော်နဲ့ အပြင်မှာ လူချင်းမတွေ့ဖူးဘဲ အလုပ်တွေ အများကြီး အတူတွဲလုပ်နေတဲ့ Member တွေလည်း ရှိပါတယ်။
ကျွန်တော်တို့ အချင်းချင်းကြားမှာ ရှိတဲ့ တစ်ခုတည်းသော ချည်နှောင်မှုက - ယုံကြည်မှု - ပါ။

Welcome to MyanNet

MyanNet team member တွေရဲ့ အဓိကရည်မှန်းချက်က
- မြန်မာပြည်ရဲ့ စီးပွားရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူ ရရှိစေဖို့
- Partner တွေရဲ့ ဝန်ထမ်းတွေနဲ့ customer တွေ နေ့စဉ် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အမြန်ဆုံး၊ အကောင်းဆုံး၊ ကုန်ကျစရိတ် အသက်သာဆုံးနဲ့ အရည်အသွေး အကောင်းဆုံး ရရှိစေဖို့ ဝန်ဆောင်မှုပေးဖို့ ဖြစ်ပါတယ်။
အဲဒီအတွက် ကျွန်တော်တို့ဟာ အတူလက်တွဲပြီး အလုပ်လုပ်လို့ရတဲ့ လူတိုင်းနဲ့ အလုပ်လုပ်ဖို့ ၂၄ နာရီပတ်လုံး အဆင်သင့်ပါ။
MyanNet ရဲ့ Team Member အနေနဲ့ ဖြစ်စေ၊ Partner အနေနဲ့ ဖြစ်စေ အတူလက်တွဲ အလုပ်လုပ်ချင်တယ်ဆိုရင် info@myannet.com ကို ဖြစ်စေ၊ Chatbox မှ ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။
သူငယ်ချင်း၊ မိတ်ဆွေ၊ ညီအကို၊ မောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံစွာဖြင့် မြန်မာ နှစ်သစ် ၁၃၈၀ ခုနှစ်ကို အောင်မြင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း မေတ္တာဖြင့် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်... <3 <3 <3

Read On Facebook - https://facebook.com/MyanNetCom/posts/1811321615599135