MyanNet E-Commerce Solution - Demo

ကျွန်တော်တို့ MyanNet team နဲ့ အတူတွဲလုပ်နေတဲ့ ပါတနာတွေ၊ အလားအလာရှိတဲ့ Customer တွေက E-Commerce အကြောင်းမေးလာရင် Feature အစုံအလင်ပါတဲ့ တကယ့် E-Commerce website တစ်ခုကို နမူနာအနေနဲ့ ပြစရာ မရှိဘူး။
Customer တွေရဲ့ လက်ရှိအလုပ်လုပ်နေတဲ့ website တွေကိုလည်း မညွှန်းချင်တာက တစ်ပိုင်း၊ MyanNet ရဲ့ Team member အားလုံးအတွက်လည်း လေ့လာစရာ နေရာတစ်ခု ရှိစေချင်တာက တစ်ပိုင်းကြောင့် အွန်လိုင်းမှာ E-Commerce Solution - Demo ဆိုက်တစ်ခု လုပ်ဖြစ်ပါတယ်။
Website - http://ecommerce.myannet.com/

ဒီဆိုက်မှာ Drupal 8 ကို သုံးထားပြီး၊ Commerce ကို သုံးထားပါတယ်။
VPS တစ်လုံးမှာ သီးခြားတင်ထားတာပါ။

MyanNet Team Member အားလုံးအတွက် Free ဖြစ်ပါတယ်။ သူတို့နဲ့ ကျွန်တော်က အတူ အလုပ်လုပ်နေတာ ကြာပြီမို့ စိတ်ချလို့ ဖြစ်ပါတယ်။
Full Featured Drupal 8 E-Commerce website တစ်ခု ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကို လေ့လာချင်သူတွေ အတွက်တော့
- Store Admin အကောင့်တစ်ခုကို ၁၀၀,၀၀၀ ကျပ် နဲ့ ဖွင့်လို့ ရပါမယ်။
- Website URL က username-ecommerce.myannet.com ဆိုပြီး သီးခြား VPS Server တစ်လုံးပေါ်မှာ တင်ပေးထားမှာ ဖြစ်ပါတယ်။
- သက်တမ်းကတော့ တစ်လပါ။ တစ်လအတွင်း စိတ်တိုင်းကျလေ့လာလို့ ရပါမယ်။
- တစ်လပြည့်သွားရင်တော့ ဆက်လေ့လာချင်သေးတယ်ဆိုရင် ၅၀,၀၀၀ ကျပ် နဲ့ သက်တမ်းတိုးလို့ ရပါမယ်။

အဲဒီ Store Admin အကောင့်ပိုင်ရှင်တွေအတွက် သီးခြား Training ပေးမှာ မဟုတ်ပါဘူး။
Full Featured Drupal E-Commerce Project တစ်ခုကို ကို ကိုယ်တိုင် Self Study လုပ်ဖို့၊ စီမံခန့်ခွဲကြည့်ဖို့ စိတ်ဝင်စားတဲ့သူတိုင်းအတွက်သာ ဖြစ်ပါတယ်။

E-Commerce အကြောင်းပြောရင် လူအတော်များများက အွန်လိုင်းမှာ ဆိုက်တစ်ခုရှိ၊ Facebook မှာ Page တစ်ခု ထောင်လိုက်တာနဲ့ အလုပ်စလို့ ရပြီ ထင်နေတတ်ကြပါတယ်။
တကယ်တမ်းတော့ အဲဒီထက်မက အရေးကြီးတာတွေ အများကြီးပါ။

ဒါနဲ့ ဒီလို Full Featured E-Commerce website တစ်ခုလုပ်ချင်တယ်ဆိုရင်တော့ - ရောင်းချမယ့် ကုန်ပစ္စည်းအမျိုးအစားနဲ့ Custom Function တွေကို မူတည်ပြီး USD 4000 ကနေ USD 8000 နဲ့ အထက်အထိ ဖြစ်နိုင်ပါတယ်။
စျေးအရမ်းပေါတဲ့ E-Commerce website လိုချင်ရင်လည်းရပါတယ်။ WordPress, Drual Theme တစ်ခုကို ဝယ်ပြီး သုံးလိုက်တာပါ။
ဒါပေမယ့် အဲလို ပရောဂျက်တွေက ရေရှည်မှာ Customer အတွက် အကျိုးမရှိတဲ့အတွက် အစကတဲက MyanNet team အနေနဲ့ လက်မခံပါဘူး။