Project R18 - Visitors Statistics

၂၀၁၈ တက္ကသိုလ်ဝင် စာမေးပွဲ၊ ဆယ်တန်းအောင်စာရင်းကို (၂ - ၆ - ၂၀၁၈) ရက် ၊ စနေနေ့ နံနက် ( ၀၆:၀၀) နာရီ အချိန်မှာ အွန်လိုင်းက ထုတ်ပြန်ပေးနိုင်ခဲ့ပါတယ်။
ယခင် ၂၀၁၆၊ ၂၀၁၇ နှစ်များက မကြုံခဲ့ရပေမယ့်၊ ယခုနှစ်မှာ အချို့သူများအတွက် အောင်စာရင်းထွက်တဲ့ မနက် ၆ နာရီ ပတ်ဝန်းကျင်မှာ ဝက်ဘ်ဆိုက်ကို ကြည့်တဲ့အခါ myanmarexam.org ဆိုပြီး www မပါဘဲ ကြည့်တဲ့ အခါ အဆင်မပြေ ဖြစ်ခဲ့တာကို ဒီနေရာကနေ အနူးအညွတ် တောင်းပန်ပါတယ်။ www.myanmarexam.org ကနေ ဝင်ရောက်ကြည့်ရှုခဲ့သူများအနေနဲ့ ဒီပြဿနာကို ကြုံရမှာ မဟုတ်ပါဘူး။ နောင်နှစ်များမှာ ဒီလို ပြဿနာမျိုး မဖြစ်အောင် ကျွန်တော်တို့ ကြိုးစားမှာပါ။
.
အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေကတော့ ၁-၆-၂၀၁၈ နဲ့ ၃-၆-၂၀၁၈ မနက် ၁၀ နာရီအတွင်း အောင်စာရင်းကို လာရောက်ကြည့်ရှုသူများနဲ့ သက်ဆိုင်တဲ့ အချက်အလက်များ ဖြစ်ပါတယ်။
စိတ်ပါဝင်စားသူ၊ သုတေသန ပြုလိုသူများအတွက် အထိုက်အလျောက် အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

  • အောင်စာရင်းထွက်ချိန် ၂-၆-၂၀၁၈ နံနက် ၆ နာရီတွင် ကြည့်ရှုသူ ဦးရေ = ၁၄၉,၆၃၄ (၁ သိန်း ၄ သောင်းကျော်)
  • စုစုပေါင်း ကြည့်ရှုသူ ဦးရေ = ၇၃၆,၂၇၉ (၇ သိန်း ၃ သောင်းကျော်)
  • အောင်စာရင်း စာမျက်နှာများကို ကြည့်ရှုခဲ့သည့် အရေအတွက် = ၄,၈၄၆, ၁၃၄ (၄၈ သိန်းကျော်)
  • မြန်မာနိုင်ငံမှ ကြည့်ရှုသူ ဦးရေ = ၇၀၀,၃၀၄ (၇ သိန်းကျော်)
  • ရန်ကုန်မြို့မှ ကြည့်ရှုသူ ဦးရေ = ၅၅၈,၇၇၀ (၅ သိန်း ၅ သောင်းကျော်)
  • MPT ဖြင့် ကြည့်ရှုသူ ဦးရေ = ၂ သိန်း ၈ သောင်းကျော်
  • Telenor ဖြင့် ကြည့်ရှုသူ ဦးရေ = ၁ သိန်း ၉ သောင်းကျော်
  • Ooredoo ဖြင့် ကြည့်ရှုသူ ဦးရေ = ၁ သိန်း ၁ သောင်းကျော်

ယခုနှစ် အောင်စာရင်းမှာ မပါဝင်သူ ညီအကို မောင်နှများ အနေနဲ့ စိတ်ဓါတ်မကျဘဲ နောင်နှစ်မှာ ဆက်လက်ကြိုးစား အောင်မြင်ပါစေ...
ယခုနှစ် အောင်စာရင်းမှာ ဖြေဆိုအောင်မြင်သူ ညီအကို မောင်နှမများ အနေနဲ့ မိမိတို့ ရည်မှန်းချက် ထားရှိရာ တက္ကသိုလ်များ၊ ဘဝပန်းတိုင်များသို့ အလွယ်တကူ ရှေ့ဆက်နိုင်ပါစေကြောင်း မေတ္တာဖြင့် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်... <3 <3 <3 :)