အကြံကောင်း၊ နားလည်နိုင်မှုနှင့် Key Player များ

တချို့ အကြံဉာဏ်ကောင်းတွေက လူတိုင်းကို ချပြလို့ မရဘူး
တကယ်လုပ်နိုင်မယ် ထင်တဲ့သူတွေ၊ ကိုယ်ပြောတာကို နားလည်နိုင်တဲ့ အခြေအနေ ရှိသူတွေကိုပဲ ချပြတာ ကောင်းတယ်

ဘာမှ မလုပ်ခင်မှာ ကိုယ်နဲ့တွဲလုပ်ရမယ့်သူတွေရဲ့ ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံ၊ စိတ်အားထက်သန်မှုတွေကို သေသေချာချာ နားလည်အောင် အရင်လေ့လာပြီး အဲဒီလုပ်ငန်းက အားကိုးရတဲ့ Key Player တွေနဲ့ စပြီး စကားပြောတာက လုပ်ငန်းအတွက် တကယ် အကျိုးများပါတယ်...
အကြံတွေက သိပ်ကောင်းပြီး ဘတ်ဂျက်မရှိ၊ လိုက်လုပ်နိုင်တဲ့ အနေအထားမရှိ၊ လိုက်လုပ်ချင်တဲ့ စိတ်အားထက်သန်မှုမျိုးလည်း မရှိတဲ့ အလုပ်မျိုး၊ လူပုဂ္ဂိုလ်မျိုး၊ အဖွဲ့အစည်းမျိုးဆိုရင် ဘာမှအကြံမပေးတာက လေကုန်သက်သာပြီး အားလုံးအတွက် ပိုအဆင်ပြေမယ်..

အထူးသဖြင့် ကိုယ်က လုပ်ငန်းတစ်ခုခုမှာ အကြံပေးဖြစ်နေခဲ့ရင် အဲဒီလုပ်ငန်းမှာ သုံးနိုင်တဲ့ ဘတ်ဂျက်နဲ့၊ ရှိရင်းစွဲ (ရှိလာမယ့်) လူစွမ်းအား အရင်းအမြစ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ အကြံဉာဏ်မျိုးတွေပဲ ပေးမိဖို့ အရေးကြီးတယ်...
ဥပမာ - ဆယ်တန်းလောက်ပဲ ဗဟုသုတ ရှိတဲ့သူကို၊ အင်ဂျင်နီယာ တစ်ယောက်မှ နားလည်နိုင်မယ့် အကြံမျိုးပေးမိတာမျိုး၊ တစ်သိန်းလောက်ပဲ ဘတ်ဂျက်ရှိတဲ့ လုပ်ငန်းအတွက် ဆယ်သိန်းတန် အကြံမျိုး ပေးမိတာမျိုးပေါ့...

အကောင်းဆုံးကတော့ အဲလို အခြေအနေမျိုးမှာ ဘာမှ ဆက်မလုပ်တာ အကောင်းဆုံးပါ...

သူငယ်ချင်း မိတ်ဆွေ ညီအကို မောင်နှမများ အားလုံး နှစ်သစ်မှာ အကြံသစ်၊ ဉာဏ်သစ်တွေကို လူမှန်၊ နေရာမှန်မှာ အကောင်းဆုံး အသုံးချနိုင်ကြပါစေကြောင်း ချစ်ခြင်းများစွာဖြင့် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်.... <3 <3 <3
.
Read on Facebook - http://fb.com/2328292250566430

Good ideas, Absorbability and Key Players