Project R18 - Exam Results 2018

တက္ကသိုလ်ဝင် စာမေးပွဲ၊ ဆယ်တန်းအောင်စာရင်းကို အွန်လိုင်းက ထုတ်ပေးတဲ့ ပရောဂျက်ဟာ MyanNet team အတွက် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ပရောဂျက်တစ်ခုပါ။
MyanNet team အနေနဲ့ ၂၀၁၆ ဆယ်တန်း အောင်စာရင်း၊ ၂၀၁၇ ဆယ်တန်းအောင်စာရင်း တွေကို ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန နဲ့အတူ အွန်လိုင်းကတဆင့် အောင်မြင်စွာ ထုတ်ပြန်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
.
ယခုနှစ် ၂၀၁၈ အတွက်လည်း အစစ၊ အရာရာ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။
.
၂၀၁၇ ခုနှစ်ရဲ့ အောင်စာရင်း ထုတ်ပြန်ချိန်မှာ ရရှိခဲ့တဲ့ အချက်အလက်များအရ လာရောက်ကြည့်ရှုသူအရေအတွက်ဟာ တစ်စက္ကန့်မှာ 59,000 ယောက် နဲ့ အထက် ရှိခဲ့ပါတယ်။ ဒီနှစ်မှာ ပိုများလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
System Design လုပ်တဲ့ အခါမှာ
- အဲဒီလောက်များတဲ့ အင်တာနက် အသုံးပြုသူအရေအတွက်ကို လက်ခံနိုင်ဖို့၊
- ကုန်ကျစားရိတ်လည်း သက်သာစေဖို့၊
- အရေးကြီးတဲ့ အောင်စာရင်းဆိုင်ရာ အချက်အလက်တွေကို လုံခြုံစိတ်ချစွာ ထားရှိ ထုတ်ပြန်နိုင်ဖို့၊
- အောင်စာရင်း မထုတ်ပြန်မီအချိန်မှာ Management Team အနေနဲ့ ကြိုတင် စစ်ဆေးနိုင်ဖို့
စတာတွေ အတွက် System Design လုပ်ရတာဟာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်....။
.
မနက်ဖြန် (၂ - ၆ - ၂၀၁၈) ရက် ၊ စနေနေ့ နံနက် ( ၀၆:၀၀) နာရီ အချိန်မှာ ဆယ်တန်းအောင်စာရင်းကို ယခင်နှစ်များအတိုင်း အဆင်ပြေ၊ ချောမွေ့စွာ ထုတ်ပြန်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
.
တက္ကသိုလ်ဝင် စာမေးပွဲကို ဖြေဆိုထားသူ ညီအကို၊ မောင်နှမများ အားလုံး မျှော်လင့်ထားတဲ့အတိုင်း ဂုဏ်ထူး ဝေဝေဆာဆာနဲ့ အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်.... <3 <3 <3 :)