အိုင်တီသမား နဲ့ ဆား

အိုင်တီသမားတွေက ကွန်ပျုတာရှေ့မှာ အခန့်သားထိုင်ပြီး ပြဿနာတွေရှင်း၊ စိတ်ဖိစီးမှုတွေနဲ့ နပန်းလုံးနေရတဲ့ သူတွေဖြစ်လို့ တခါတလေ လိုအပ်တာထက် ပိုပြီး အဆီ၊ အချို၊ အငန်တွေကို စားမိတတ်ကြပါတယ်။ ဒါပေမယ့် အမြဲတမ်း အချို၊ အငန်အဆီတွေကို စားနေပြီ ဆိုရင်တော့ အငန်စားရောဂါ ရ မျိုးထဲက အနည်းဆုံး တစ်ခုနဲ့တော့ ပတ်သက်နေပါလိမ့်မယ်။

အငန်စားရောဂါ ၇ မျိုး

အစားအသောက်စားတဲ့အခါ အငန်ပါတဲ့ အစားအစာတွေကို လိုအပ်တာထက် ပိုစားနေမိတယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ ရောဂါတွေထဲက အနည်းဆုံး တစ်ခုခုနဲ့ ငြိနေပြီလို့ သိနိုင်ပါတယ်။

၁) စိတ်ဖိစီးမှု - စိတ်ဖိစီးလာတဲ့အခါ စိတ်သက်သာရာ ရဖို့ အဆီများ၊ အချိုများ၊ အငန်များ တဲ့ အစားအသောက်တွေကို ပိုစားကြတယ်။
၂) အိပ်ရေးမဝခြင်း - အိပ်ရေးမဝတဲ့ သူတွေကလည်း "စိတ်သက်သာရာ ရစေဖို့" အငန်များတဲ့၊ ကြွပ်ရွတဲ့ အစားအသောက်တွေကို ပိုစားကြပါသတဲ့။
၃) ငြီးငွေ့ခြင်း - ပျင်းရိငြီးငွေ့ခြင်းဟာလည်း စိတ်ဖိစီးမှုတစ်မျိုးဖြစ်လို့ အဲဒီအချိန်မှာ အများဆုံးစားတဲ့ အစာတွေက စိတ်ဖိစီးလို့ စားတဲ့ အစာတွေနဲ့ အတူတူပါပဲ။
၄) ချွေးထွက်လွန်ခြင်း - ချွေးမှာ ဆားဓါတ်ပါတဲ့ အတွက် ချွေးထွက်ရင် ကိုယ်ထဲက ဆားဓါတ်တွေ ဆုံးရှုံးပါတယ်။ သာမန်ချွေးထွက်တာက ပြဿနာ မရှိပေမယ့် ချွေးထွက်လွန်တဲ့သူတွေအတွက်တော့ ဆားဓါတ်တွေ လိုတာထက် ပိုဆုံးရှုံးရတဲ့ အတွက် ဆားကို လိုတာထက် ပိုစားရင်း တခြား ကျန်းမာရေး ပြဿနာတွေ ကြုံလာရတတ်ပါတယ်။
၅) Premenstrual syndrome (PMS) - ရာသီလာခါနီးအချိန် - အမျိုးသမီးတွေမှာ လစဉ် ရာသီမလာခင်ဖြစ်တတ်တဲ့ ဟော်မုန်း အပြောင်းအလဲတွေကလည်း အငန်ကို လိုတာထက် ပိုစားမိစေတတ်ပါတယ်။
၆) Addison's disease - ကိုယ်ထဲက Adrenal glands တွေက စိတ်ဖိစီးမှုနဲ့ သွေးပေါင်ချိန်ကို ထိန်းညှိပေးတဲ့ ဟော်မုန်းတွေကို လုံလောက်အောင် မထုတ်ပေးတဲ့ အခါမှာ ရုတ်တရက် သွေးပေါင်ကျလာတာ၊ ဆားကို အရမ်းစားချင်လာတာမျိုး ဖြစ်စေတတ်ပါသတဲ့။ ဒါ့အပြင် - Addison's disease ကြောင့် အောက်ပါ ပြဿနာတွေကိုလည်း ခံစားရတတ်ပါတယ်။
- weakness,
- long-term fatigue
- low appetite or unplanned weight loss,
- stomach pain
- nausea, vomiting, or diarrhea
- dizziness or fainting due to low blood pressure
- low blood sugar, called hypoglycemia
- depression or irritability
- headache
- irregular or absent menstrual periods
ဒီလို Addison's disease ဖြစ်တတ်တဲ့ အကြောင်းရင်းတွေက
- an autoimmune disorder
- tuberculosis
- HIV and AIDS
- certain bacterial or fungal infections
- pituitary gland problems
- stopping long-term steroid medications
၇) Bartter syndrome - ကျောက်ကပ်တွေက ဆားဓါတ်ကို မစုပ်ယူနိုင်တဲ့ မွေးရာပါ ရောဂါတစ်မျိုးပါ။ ဆီးသွားတဲ့အခါ ဆားဓါတ်၊ ပိုတက်ဆီယမ်နဲ့ ကယ်ဆီယမ်တွေကို ဆုံးရှုံးလို့ ဆားကို ပိုစားတဲ့ရောဂါပါ။

အထက်က ရ ချက်က ဘာသာပြန်ထားတာ ဖြစ်လို့ အမှားပါကောင်း ပါနိုင်ပါတယ်။ နားလည် တတ်ကျွမ်းတဲ့ ဆရာဝန်မိတ်ဆွေတွေကို အမှားတွေ့ရင် ပြင်ပေးဖို့ ဖိတ်ခေါ်ပါတယ်...

ကိုယ်တိုင်ဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်စေ၊ မိသားစုဝင်တွေ ဖြစ်စေ လိုအပ်တာထက် အငန်စားနေပြီ ဆိုရင် ဘာကြောင့်လဲ ဆိုတာကို သတိထားပြီး လေ့လာ၊ စစ်ဆေး အဖြေရှာနိုင်မယ်ဆိုရင် အားလုံးအတွက် အဆင်ပြေပါလိမ့်မယ်...

အငန်ကို လိုတာထက် ပိုစားနေတဲ့ အကြောင်းရင်းတွေကို ရှာဖွေ ဖော်ထုတ်၊ ကုစားပေးနိုင်မယ်ဆိုရင် အငန်စားနှုန်းလည်း အလိုလိုလျော့ကျသွားနိုင်ပါလိမ့်မယ်...

မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိကြပါစေ.... <3 <3 <3

Source
- What causes salt cravings?
- https://www.medicalnewstoday.com/articles/319866.php