Drupal 8 Training & Development

Drupal 7 က 2011 မှာ ထွက်တာ 2021 ဆိုရင် ၁၀ နှစ်ပြည့်ပြီ။
အဲဒီ Drupal 7 က 2021 နိုဝင်ဘာလထဲက နေ့တစ်နေ့မှာ တရားဝင်သက်တမ်းကုန်မယ် ဆိုတော့ အခုချိန်က စတွက်ရင် သူ့မှာ နောက်ထပ် သက်တမ်း ၂ နှစ်လောက်ပဲ ကျန်တော့တယ်။

MyanNet က နောက်ပိုင်းလုပ်တဲ့ Corporate website, E-Commerce website တွေမှာ Drupal 8 ကိုပဲ သုံးပါတော့မယ်။

Drupal 8 က ပိုပြီးကောင်းလာသလို၊ သူနဲ့ လုပ်လို့ရတဲ့ Feature တွေကလည်း ပိုပြီးများလာပါတယ်။ PHP ရဲ့ နာမည်ကျော် Framework တစ်ခုဖြစ်တဲ့ Symfony က အစိတ်အပိုင်းတွေကိုလည်း ယူသုံးထားတာမို့ ပိုကောင်း၊ ပိုရှုပ်လာတယ်လို့လည်း ပြောလို့ရပါတယ်။

စဉ်းစားနေတာက Drupal 8 အတွက်
- Basic, Intermediate,
- Advanced,
- E-Commerce,
- Development သင်တန်းတွေ ဖွင့်ရင် ကောင်းမလား ဆိုတာပါ။
ကျွန်တော့်မှာ အချိန်လည်း သိပ်မရှိတဲ့အတွက် အွန်လိုင်းကနေ သင်ဖြစ်ဖို့များပါတယ်။

တကယ်လို့ Drupal ကို အသုံးချပြီးလုပ်နေတဲ့ လုပ်ငန်းတွေက သူတို့ဆီက Developer တွေအတွက် သင်တန်းပေးချင်တယ်ဆိုရင်လည်း နှစ်ဖက်လုံးအဆင်ပြေမယ့် အချိန်၊နေရာတွေကို ညှိပြီး သင်တန်းတွေ စီစဉ်လို့ ရပါတယ်။

2018 မှာတော့ အဲလိုနည်းနဲ့ပဲ Winner Computer Group က WordPress Developer တွေကို Drupal အကြောင်း ကောင်းကောင်းနားလည်ပြီး အသုံးချတတ်သွားအောင် အချိန် ၂ လနီးပါးယူပြီး Project Based Drupal Training ပေးဖြစ်ခဲ့တယ်။

နှစ်ဉီးနှစ်ဖက် အချိန်အများကြီးမပေးလိုက်ရဘဲ အလုပ်တွေ အများကြီး ပြီးတဲ့နည်းဖြစ်လို့ နောင်မှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စတဲ့ မြို့ကြီးတွေက Web Development လုပ်ငန်းတွေ အနေနဲ့ Internal Drupal Training တွေပေးချင်တယ်ဆိုရင် အဆင်ပြေနိုင်တဲ့ နည်းလို့ တွေးမိပါတယ်။

Ref - Drupal 7 will reach end-of-life in November of 2021
https://www.drupal.org/psa-2019-02-25

Facebook http://fb.com/2292201197508869